Welcome to Kaung Myat Thu
   Login    
  
  အလုပ်ရှင်နှင့်အလုပ်သမားများအတွက် လူမှုဖူလုံရေးဥပဒေနှင့် ပတ်သက်သည့် သိကောင်းစရာများ ။

အကျုံးဝင်သည့်အလုပ်ဌာနများ

(က) အလုပ်သမားငါးယောက်နှင့်အထက် အလုပ်လုပ်ကိုင်နေသော စက်မှုလက်မှု အလုပ်ဌာနများ

(ခ) မီးရထားဝန်ကြီးဌာန

(ဂ) သယ်ယူပို့ဆောင်ရေးအလုပ်ဌာနများ

(ဃ) ရန်ကုန်ဆိပ်ကမ်းနှင့် ဆိပ်ကမ်းများ အက်ဥပဒေနှင့် အကျုံးဝင်သည့်အလုပ်ဌာနများ

(င) သတ္ထုတွင်းများ

(စ) ရေနံမြေများ

(ဆ) ကုန်တင်ကုန်ချလုပ်ငန်းများ

(ဇ) အလုပ်သမားဝန်ကြီးဌာနနှင့် လက်အောက်ခံဦးစီးဌာန၊ အဖွဲ့၊ ကော်မတီရုံးဝန်ထမ်းများ

(ဈ) နိုင်ငံတော်အစိုးရက အခါအားလျော်စွာ ကြေငြာသည့် အလုပ်ဌာနများ

အကျုံးဝင်သည့် အလုပ်သမားများ

(က) လူမှုဖူလုံရေးအဖွဲ့နှင့် အကျုံးဝင်သည့် အလုပ်ဌာနများတွင် အခကြေးငွေဖြင့်ဖြစ်စေ၊ လစာငွေ ဖြင့်ဖြစ်စေ အလုပ်လုပ်သူအားလုံး

(ခ) ၎င်းအလုပ်ဌာနများတွင် အမြဲတမ်းဖြစ်စေ၊ ယာယီဖြစ်စေ လုပ်ကိုနေသူများ

(ဂ) မိမိတို့၏ ဆောင်ရွက်ရမည့်လုပ်ငန်းသည် အလုပ်ကြမ်းဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လုပ်ကိုင်နေသူများ

(ဃ) ၎င်းအလုပ်ဌာနများတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သင်များနှင့် ပညာသင်များ။

အကျိုးခံစားခွင့်များ

(က) အာမခံထားသူများ မမာမကျန်းဖြစ်ခြင်၊ ကိုယ်ဝန်ဆောင်ခြင်းနှင့်မီးဖွားခြင်း၊ အလုပ်ခွင်ထိခိုက် ဒဏ်ရာရခြင်း၊ အလုပ်နှင့်ဆိုင်သည့် ရောဂါများအတွက် အခမဲ့ဆေးကုသမှုများ ခံစားခွင့်ရှိသည်။

(ခ) အာမခံထားသူများသည် အကြောင်းအမျိုးမျိုးကြောင့် နာမကျန်းဖြစ်၍ အလုပ်ခွင်သို့ မလာ ရောက်နိုင်သည့်ကာလအတွင်း အကျိုးခံစားခွင့်များ ခံစားခွင့်ရှိသည်။

(၁) မမာမကျန်းမှုအကျိုးခံစားခွင့်

(၂) မီးဖွားမှုအတွက်အကျိုးခံစားခွင့်

(၃) မည်သည့်အကြောင်းကြောင့်မဆို သေဆုံးမှုအတွက် အသုဘစရိတ်များ

.(၄) အလုပ်နှင့်ဆိုင်သည့်ရောဂါများ ဖြစ်ပွားခြင်းနှင့်

(၅) လုပ်ငန်းခွင်မတော်တဆထိခိုက်မှုများကြောင့် ဖြစ်ပေါ်လာသည့် မသန်စွမ်းမှုများ အတွက်

.- ယာယီအားဖြင့် ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်

..- အမြဲတမ်းမသန်စွမ်းမှုပင်စင်

(၆) လုပ်ငန်းခွင်မတော်တဆ ထိခိုက်မှုများကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူပင်စင်

(ဂ) ထို့အပြင် အာမခံအလုပ်သမား တစ်ဦးသည် မိမိမှ အလုပ်ထွက်ခြင်းမဟုတ်ဘဲ အလုပ်ရှင်က အလုပ်မှ ထုတ်ပယ်ခြင်း၊ လုပ်ငန်း ရပ်စဲခြင်း တို့ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားပါက အထက် ဖော်ပြပါ ခံစားခွင့်များကို ရက်သတ္တ(၂၆)ပတ် အထိ ခံစားခွင့် ရှိပါသည်။ သို့ရာတွင် ဖော်ပြပါ ငွေကြေး အကျိုးခံစားခွင့် အားလုံးကို ခံစားလိုပါက ရက်သတ္တပတ် (၈)ပတ် အတွင်း အဖွဲ့သို့ တင်ပြတောင်းခံရမည်။

(ဃ) အကျိုးခံစားခွင့်များ ခွင့်ပြုခြင်းကို ရပ်ဆိုင်းထားခြင်း

အောက်ပါအချက်များ ပြုမူခြင်း၊ ပျက်ကွက်ခြင်းများဖြစ်ပါက အာမခံထားသူများ ခံစားခွင့် ရှိသည့် အကျိုးခံစားခွင့်များကို ရပ်ဆိုင်း ထားနိုင်သည်။

(၁) မိမိကိုယ်မိမိ တမင်မမာမကျန်းဖြစ်အောင် ပြုမူခြင်း။

(၂) ရာဇ၀တ်ပြစ်ဒဏ်ထိုက်သည့် မိမိ၏ပြုမူမှုကြောင့် မမာမကျန်းဖြစ်ခြင်း။

(၃) ဆရာဝန်၏ ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ခြင်း။

(င) လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုနှင့် ပတ်သက်၍ အလုပ်ရှင်များ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

အာမခံ အလုပ်သမားများ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်သည့် အခါ ရသင့် ရထိုက်သော အကျိုးခံစားခွင့်များကို အမြန်ဆုံး ရရှိစေရန် အလုပ်ရှင်များသည် အာမခံအလုပ်သမားများ လုပ်ငန်းခွင် မတော်တဆ ထိခိုက်ဒဏ်ရာ ရပါက

- အလုပ်ခွင်ထိခိုက်မှု မှတ်ပုံတင်ပုံစံ(အ-၈)တွင် မှတ်တမ်းတင်ထားပြီး

- အနည်းဆုံး ၃ ရက် အလုပ်မလုပ်နိုင်စေသည့် ဒဏ်ရာဖြစ်ပေါ်ခြင်းနှင့် သေဆုံးခြင်းကိစ္စ များ ဖြစ်ပေါ်သည့်အခါ

- ထိုသို့ဖြစ်ပေါ်ပြီး ၂၄နာရီအတွင်း အဖွဲ့မှ ထုတ်ပေးထားသည့် လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာ ရမှု အစီရင်ခံစာ(အ-၉) ၃စောင်ဖြင့်  အဖွဲ့သို့ အကြောင်းကြား ရမည်။

(စ) လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုများနှင့်ပတ်သက်၍ အလုပ်သမားများ သိရှိသင့်သောအချက်များ

(၁) လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိသည့် အချိန်မှ ပြန်လည်နေကောင်းလာသည် အထိ (သို့မဟုတ်) ကိုယ်လက်အင်္ဂါတစ်စိတ်တစ်ဒေသ ဆုံးရှုံးသွားပါက အများဆုံး ၅၂ ပတ်အထိ ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့်ကို ခံစားခွင့်ရှိသည်၊

(၂) ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်ကာလ ကုန်ဆုံးပြီးသော်လည်း ကိုယ်လက်အင်္ဂါ ချို့ယွင်းမှုကြောင့် အမြဲတမ်းမသန်စွမ်းမှုများ ဖြစ်ပေါ်သည့်အခါ အမြဲတမ်းမသန်စွမ်းမှုနှင့် ဆိုင်သည့် ပင်စင်များခံစားခွင့်ရှိသည်။

(၃) လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုကြောင့် သေဆုံးပါက ကျန်ရစ်သူမိသားစုမှ ကျန်ရစ်သူ ပင်စင်များခံစားခွင့်ရှိသည်။

မှတ်ချက်။ အာမခံ အလုပ်သမားများနှင့် ကျန်ရစ်သူ မိသားစုတို့သည် အထက်ပါ ခံစားခွင့်များ ရရှိစေရန် အတွက် ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်ပြီး (၅၂)ပတ် အတွင်း လူမှုဖူလုံရေး အဖွဲ့သို့ သတင်းပို့ရမည်။ အလုပ်ဌာန တစ်ခုရှိ အလုပ်လုပ်ကိုင်နေသူ အလုပ်သမား အားလုံးအတွက် တစ်ယောက် မကျန်အောင် ထည့်ဝင်ကြေးပေးသွင်းရမည်။

အလုပ်ရှင်သည် မိမိ ဌာနမှာ လူမှုဖူလုံရေး အဖွဲ့နှင့် အကျုံးဝင်သော်လည်း အလုပ်လုပ်ကိုင်သူ အလုပ်သမား အားလုံးအတွက် ထည့်ဝင်ကြေး မပေးသွင်းဘဲ ထားရှိပါက ထိုသို့ ချန်လှပ်ထားသည့် အလုပ်သမား များထဲမှ မမာမကျန်းမှုကိစ္စ၊ မီးဖွားမှုကိစ္စ၊ သေဆုံးမှုကိစ္စ၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုကိစ္စများ ဖြစ်ပေါ်သည့် အခါ လူမှုဖူလုံရေး အက်ဥပဒေ ပုဒ်မ(၅၈) အရ အလုပ်သမားနှင့် ပတ်သက်သည့် ပျက်ကွက်ခဲ့သည့် ထည့်ဝင်ကြေးများကို ပြန်လည် ပေးသွင်းရမည့်အပြင် ထိုကိစ္စနှင့်ပတ်သက်သည့် အကျိုးခံစားခွင့် ကုန်ကျစရိတ်များကိုလည်း ကျခံရမည် ဖြစ်သည်။

(ဆ) အလုပ်ဌာနတစ်ခုရှိ အလုပ်လုပ်ကိုင်နေသူ အလုပ်သမားအားလုံး တစ်ယောက်မကျန် အောင် ထည့်ဝင်ကြေး မပေးသွင်းဘဲထားရှိပါက ထည့်ဝင်ကြေး ပေးသွင်း ထားသည့် အလုပ်သမားများ ထဲမှ မမာမကျန်းမှုကိစ္စ၊ မီးဖွားမှုကိစ္စ၊ သေဆုံးမှုကိစ္စ၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှု ကိစ္စများ ဖြစ်ပေါ်သည့်အခါ လူမှုဖူလုံရေး အက်ဥပဒေ ပုဒ်မ(၅၈)အရ အလုပ်သမားနှင့် ပတ်သက်သည့် ပျက်ကွက်ခဲ့သည့် ထည့်ဝင်ကြေးများကို ပြန်လည် ပေးသွင်းရမည့် အပြင် ထိုကိစ္စနှင့် ပတ်သက်သည့် အကျိုးခံစားခွင့် ကုန်ကျစရိတ်များကို လည်း ကျခံရမည်ဖြစ်ပါသည်။

အာမခံအလုပ်သားများအတွက် အထူးအခွင့်အရေး

- အာမခံအလုပ်သမားများအား အထက်ဖော်ပြပါ အကျိုးခံစားခွင့်များကို ခံစားနိုင် စေရန်အတွက် လူမှုဖူလုံရေးရုံးခွဲများရှိရာ မြို့နယ်ပေါင်း ၁၁၀ အတွင်းရှိ ဆေးခန်းပေါင်း ၉၄ ခန်းနှင့် အလုပ်သမားဆေးရုံကြီး ၃ ခုတို့မှ ကျန်းမာရေး စောင့်ရှောက်မှုများကို ပေးလျက်ရှိပါသည်။

- လိုအပ်၍ အရေးပေါ် ဆေးကုသမှုများ အတွက် ပြည်သူ့ဆေးရုံများသို့ တက်ရောက် ကုသရသည့် အခါ တွင်လည်း လူမှုဖူလုံရေးအဖွဲ့၏ (၂၀/၂၀၀၉) ညွှန်ကြားချက် များနှင့် ကိုက်ညီပါက ပြင်ပမှ ဆေးဝါးဝယ်ယူရသည့် ကုန်ကျစရိတ်များကို ပြန်လည် ထုတ်ပေးလျက် ရှိပါသည်။

လိုက်နာဆောင်ရွက်ရန်

လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ-

  • အလုပ်ရှင်များသည်

- အလုပ်သမားအသစ်ခန့်ထားပြီးနောက် (၁၀)ရက်အတွင်း ထိုအလုပ်သမားနှင့်

ပတ်သက်သည့်အကြောင်းအရာအစုံအလင်ကို သတ်မှတ်ပုံစံ(အ-၃)တွင် ဖြည့်စွက်၍ အဖွဲ့ရုံး သို့ ပေးပို့ရမည်။

- အလုပ်ဌာနရှိ အလုပ်သမားတိုင်း မှတ်ပုံတင်ရမည်။

-လူမှုဖူလုံရေးအဖွဲ့မှအာမခံထားသူအလုပ်သမားတစ်ဦးချင်းအတွက်ပြန်လည်ထုတ်ပေးသော မှတ်ပုံတင်လူပြလက်မှတ်(အ-၁၂)များကိုစာရင်းပြုစုပြီးနောက်သက်ဆိုင်ရာအလုပ်သမားလက်ဝယ်သို့ ပေးအပ်ထားရမည်။

- လုပ်ငန်းခွင်မတော်တဆဖြစ်မှုများနှင့်အလုပ်တွင်ထိခိုက်ဒဏ်ရာရခြင်းများ အတွက် သတ်မှတ်ပုံစံစာအုပ်(အ-၈)တွင် စာရင်းရေးသွင်းထားပြီးနောက် ထိခိုက်မှု အစီရင်ခံစာ (အ-၉)သုံးစောင်ကို ထိခိုက်မှုဖြစ်ပွားပြီးနောက် လူမှုဖူလုံရေးအဖွဲ့ရုံးသို့ (၂၄)နာရီအတွင်း အကြောင်းကြားရမည်။

  • အာမခံအလုပ်သမားများသည်

- ဆေးကုသမှုခံယူရန် အဖွဲ့ဆေးခန်းများသို့ လာရောက်သည့် အခါတိုင်းနှင့် အဖွဲ့ရုံးသို့ အကျိုးခံစားခွင့်ကိစ္စ လာရောက်သည့်အခါတိုင်း မိမိတို့၏ လူမှုဖူလုံရေးအာမခံ မှတ်ပုံတင်လက်မှတ် (အ-၁၂)ကို တစ်ပါတည်း ယူဆောင် လာရမည်။

-မှတ်ပုံတင်လူပြလက်မှတ်(အ-၁၂)သက်တမ်းကုန်ဆုံးချိန်ရောက်ပါက အလုပ်ရှင်ထံမှတစ်ဆင့်(သို့မဟုတ်)ကိုယ်တိုင်

သက်ဆိုင်ရာလူမှုဖူလုံရေးအဖွဲ့ရုံးတွင်သက်တမ်းတိုးရန် ဆောင်ရွက်ရမည်။

-လူမှုဖူလုံရေးအက်ဥပဒေအရ ခံစားခွင့်ပြုသော ငွေလက်ငင်းအကျိုးခံစားခွင့် အားလုံးအတွက် ဆေးခွင့်ကုန်ဆုံးသည့် နေ့မှစ၍ ရှစ်ပတ်အတွင်း သတ်မှတ်ပုံစံ များတွင် ဖြည့်စွက်၍ တင်ပြတောင်းခံရမည်။ ရှစ်ပတ်ကျော်မှ တောင်းခံသော ခံစားခွင့်များကို ခွင့်ပြုမည် မဟုတ်ပါ။

အာမခံထားသူ အလုပ်သမားအား လူမှုဖူလုံရေးအဖွဲ့မှ အကာအကွယ်ပေးခြင်း

လူမှုဖူလုံရေးအက်ဥပဒေပုဒ်မ ၅၃(၁)အရ အာမခံအလုပ်သမားသည် လူမှုဖူလုံရေး ဆေးကုသမှု သော်လည်းကောင်း၊ ငွေလက်ငင်း အကျိုးခံစားခွင့်ကိုသော်လည်းကောင်း၊ ခံစားနေစဉ်အတွင်း အလုပ်ရှင်သည် ထိုအလုပ်သမားအား အလုပ်မှ ထုတ်ပယ်ခြင်း(သို့)အခကြေးငွေကိုဖြစ်စေ၊ လစာငွေကို ဖြစ်စေ၊ လျော့ချခြင်းမပြုရ။

လူမှုဖူလုံရေး အက်ဥပဒေပုဒ်မ ၅၃(၂)အရ လူမှုဖူလုံရေး ဆေးကုနေသည့် အလုပ်သမား၊ ငွေကြေးခံစားခွင့် ရနေသည့်အလုပ်သမားအား အလုပ်ရှင်မှ အလုပ်ထုတ်ပယ်/ရပ်စဲခြင်း ပေးပို့သည့် စာသည် ခိုင်မြဲခြင်းမရှိပါ။

လူမှုဖူလုံရေး အက်ဥပဒေပုဒ်မ ၁၀၅ တွင် အခြားတည်ဆဲ ဥပဒေပါ ပြန်းဌာန်းချက်များသည် ဤအက်ဥပဒေပါ ပြန်းဌာန်းချက်များနှင့် ဆန့်ကျင်သမျှ ပျက်ပြယ်ရမည်ဟု ပြန်ဌာန်းထားပါသည်။

အလုပ်သမားအလုပ်အကိုင်နှင့်လူမူ့ဖူလုံရေးဝန်ကြီးဌာန

ကောင်းမြတ်သူပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး

 



 

အလုပ်အင်တာဗျူး အရည်အသွေးမြင့်မားလာရန် နည်းလမ်းများ
2014 ခုနှစ်အတွက် အမေရိက ထိပ်တန်းအလုပ်များ။
ယခုလုပ်ငန်းခွင်ဝင်ရောက်နိုင်မည့် အမြန်ခန့်ထားရန်ရှိသော ရာထူးနေရာများ
Pat Sajask in on a hockey card
Memes have Mars heyday
 
အလုပ်သမားအကျိုးခံစားခွင့်များ ။
လုပ်ငန်းခွင်တွင်းမှာ ပျော်စေရန် နည်းလမ်းများ ။
လုပ်ငန်းခွင့်နှင်ပတ်ဝန်းကျင်တွင် ရင့်ကျက်သူဖြစ်ဖို့ ။
အမြန် ခန့်ထားရန် တွက် လို အပ် လျှက် ရှိသော ရာထူးများ ။
♦ လုပ်ငန်းခွင် အမြန်ဝင်ရောက် နိုင်မည့် ကုမ္ပဏီများမှ အမြန်ခန့်ထားလိုသောရာထူးများ ♦
ခေါင်းဆောင်တိုင်းရဲ့ အထူးလိုအပ်ချက် (မှန်ကန်သော စိတ်ထားပျိုးထောင်ခြင်း)။
အလုပ်အင်တာဗျူးသို့ မဝတ်သွားသင့်သည့် အဝတ်အစားများ
ယုံကြည်ထိုက်သော ထိပ်တန်းခေါင်းဆောင်ဖြစ်စေဖို။
ခေါင်းဆောင်မှု၏ အဓိပ္ပာယ် ဖွင့်ဆိုချက်။
အလုပ်လုပ်ကြရာဝယ် ။
နောက်လိုက်ကောင်းများရှိသော ခေါင်းဆောင်ကောင်း။
အလုပ်ရှင်နှင့်အလုပ်သမားများအတွက် လူမှုဖူလုံရေးဥပဒေနှင့် ပတ်သက်သည့် သိကောင်းစရာများ ။
 
 
နိုင်ငံခြားကုမ္ပဏီတွေမှာ လုပ်ချင်သလား
ထိပ်တန်း ဂျပန်ဘဏ်ကြီးများ မြန်မာတွင် ရုံးခွဲဖွင့်ရန် အပြိုင်အဆိုင်ကြိုးစားလာ
ပြည်တွင်း လုပ်သား ၃ သိန်းကျော် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ဟု ဆို
သူများထက် ထူးခြားသာလွန်နေအောင် တွေးခေါ်လုပ်ဆောင်နိုင်ခြင်း။