Welcome to Kaung Myat Thu
   Login    
  
  အလုပ်သမားအကျိုးခံစားခွင့်များ ။

အကျိုးခံစားခွင့်များ

အာမခံထားသူ အလုပ်သမားများသည် အောက်ပါအကျိုးခံစားခွင့်များကိုရရှိမည်ဖြစ်သည်-

(က) အခမဲ့ဆေးဝါးကုသမှု။ အောက်ပါအခြေအနေများ ပေါ်ပေါက်လျှင် အခမဲ့ဆေးဝါးကုသမှု ခံစားခွင့် ရရှိမည် ဖြစ်ပါသည်-

(၁) မည်သည့်အကြောင်းကြောင့်မဆို မမာမကျန်းဖြစ်ခြင်း

(၂) ကိုယ်ဝန်ဆောင်ခြင်းနှင့်မီးဖွားခြင်း

(၃) အလုပ်တွင် ထိခိုက်ဒဏ်ရာရခြင်း

(ခ) ငွေလက်ငင်းအကျိုးခံစားခွင့်များ

 (၁) မမာမကျန်းမှု အကျိုးခံစားခွင့် (Sickness Benefit)

 (၂) မီးဖွားမှုအကျိုးခံစားခွင့် (Maternity Benefit)

 (၃) အသုဘစရိတ်အကျိုးခံစားခွင့် (Death Grant)

 (၄) ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့် (TDB) Temporary Disability Benefit

 (၅) အမြဲတမ်းမသန်စွမ်းမှု (PDP) Permanent Disability Pensions

.(၆) ကျန်ရစ်သူပင်စင် (Survivor's Pensions)

မမာမကျန်းမှု အကျိုးခံစားခွင့်

၁။မမာမကျန်းမှု အကျိုးခံစားခွင့်ကို အာမခံထားသူသည် မမာမကျန်း၍ အလုပ်မလုပ်နိုင်ပါက မမာမကျန်း မဖြစ်မီ (၂၆)ပတ် အတွင်း အနည်းဆု့း(၁၇)ပတ် ထည့်ဝင်ကြေး ပေးသွင်းပြီးမှ သာလျှင် မမာမကျန်းမှုနှင့် ဆိုင်သည့် အကျိုးခံစားခွင့်ကို ရရှိမည်ဖြစ်သည်။ ရောဂါအမှတ်တစ်မျိုးတည်း ဖြစ်သည့် မမာမကျန်းမှု အကျိုးခံစားခွင့်အား (၂၆)ပတ်အထိ လစာ၏ တစ်ဝက်ကို ခံစားနိုင် ပါသည်။ အလုပ်သမား ခရီးသွားနေစဉ် မမာမကျန်းဖြစ်ပါက နီးစပ်ရာအဖွဲ့ဆေးခန်း၊ ဆေးရုံတွင် အလုပ်သမား မှတ်ပုံတင် ကဒ်ဖြင့် ဆေးဝါးကုသမှု ခံယူနိုင်သည်။ ပြင်ပဆေးခန်းများ ဝယ်ယူရန် ညွှန်ကြားပါက ကုန်ကျငွေ များကို အဖွဲ့မှ ပြန်လည် ပေးအမ်း ပါသည်။

မီးဖွားမှုအကျိုးခံစားခွင့်

၂။အာမခံထားသည့် အမျိုးသမီးအလုပ်သမား ကိုယ်ဝန်ဆောင်သည့်အခါနှင့် မီးဖွားသည့်အခါ သားပျက်သားလျှောသည့် အခါများတွင် မီးဖွားမှုအကျိုး ခံစားခွင့်ပေးသည်။ ထိုအကျိုးခံစားခွင့် ရရှိရန် အာမခံထားသူသည် ရက်သတ္တပတ်(၅၂)ပတ် အတွင်း(၂၆)ပတ် ထည့်ဝင်ကြေး ပေးသွင်းပြီးဖြစ်ရမည်။ မီးမဖွားမီ(၆)ပတ်နှင့် မီးဖွားပြီး(၆)ပတ် စုစုပေါင်း ရက်သတ္တပတ် (၁၂)ပတ် ထက်မပိုသော အကျိုးခံစားခွင့် ကို (လစာ၏ သုံးပုံနှစ်ပုံ) ပေးပါသည်။ ကိုယ်ဝန် ပျက်ကျသည့် ကိစ္စများ ဖြစ်ပေါ်၍ အဖွဲ့ဆေးခန်း ဆရာဝန် မှ ထောက်ခံပါက ကိုယ်ဝန် ပျက်ကျပြီး ရက်သတ္တပတ်(၆)ပတ် (လစာ၏သုံးပုံနှစ်ပုံ) အကျိုး ခံစားခွင့်ပေးပါ သည်။

 

အသုဘစရိတ်အကျိုးခံစားခွင့်

၃။အာမခံအလုပ်သမားတိုင်းသည် မည်သည့်အကြောင်းကြောင့်မဆို သေဆုံးလျှင် ကျန်ရစ်သူ အိမ်ထောင်၊ မိသားစု(သို့မဟုတ်)အသုဘစရိတ် ကုန်ကျခံသူကို ပေးသည်။ ထည့်ဝင်ကြေးကာလ သတ်မှတ်ချက် မလိုပါ။ အလုပ်တွင် ထိခိုက် ဒဏ်ရာရမှုကြောင့် သေဆုံးလျှင် အသုဘစရိတ် အပြင် အာမခံထားသူ၏ ကျန်ရစ်သူ မိသားစုဝင်များအား ကျန်ရစ်သူပင်စင် ထုတ်ပေးသည်။

ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်

၎။ အာမခံထားသူသည် အလုပ်တွင် ဒဏ်ရာရမှုကြောင့် အလုပ်မလုပ်နိုင်၍ ဝင်ငွေလျော့နည်းသည့် အခါတွင် ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်ကို ပေးပါသည်။ အလုပ်တွင် ထိခိုက်ဒဏ်ရာရ၍ အလုပ်မလုပ်နိုင်သည့် ကာလအတွင်း ဆေးကုသမှုကို အခမဲ့ရသည့်အပြင် ယာယီမသန်စွမ်းမှု အကျိုး ခံစားခွင့်အဖြစ် မိမိလစာ၏ သုံးပုံနှစ်ပုံကို ရက်သတ္တပတ်(၅၂)ပတ် ကြာသည်အထိ ခံစားနိုင်ပါသည်။ အကယ်၍ ဒဏ်ရာသည် ထိုအချိန်ထိ မပျောက်ကင်းလျှင် ဖြစ်စေ၊ ပျောက်ကင်းစေကာမူ အမြဲတမ်း မသန်စွမ်းမှု ခံစားရလျှင် ဖြစ်စေ အာမခံထားသူသည် အမြဲတန်း မသန်စွမ်းမှု လစဉ်ပင်စင်သော် လည်းကောင်း၊ ငွေလုံးငွေရင်းသော် လည်းကောင်း ခံစားနိုင်ပါသည်။ အာမခံထားသူ၏ အမြဲတမ်းမသန် စွမ်းမှုသည် ပြန်လည် ထူထောင်ပေးရမည့် အခြေအနေရှိပါက ထိုသူအတွက် ကိုယ်အင်္ဂါဖြည့်စွက် ပံ့ပိုး ပစ္စည်းများ တပ်ဆင်ပေးခြင်းနှင့် လေ့ကျင့်ပေးမှုတို့အတွက် ကုန်ကျ စရိတ်တို့ကို အဖွဲ့မှ ကုန်ကျခံပါ သည်။ ထိုအကျိုးခံစားခွင့်များ ရနိုင်ရန် အာမခံထားသူသည် အဖွဲ့သို့ ထည့်ဝင်ကြေး မည်ရွေ့မည်မျှပေးမှ ခံစားနိုင်သည်ဟု ကန့်သတ်ထားခြင်းမရှိပါ။

အမြဲတမ်းမသန်စွမ်းမှုပင်စင်

၅။ အလုပ်တွင် ဒဏ်ရာရမှုကြောင့် အလုပ်လုပ်နိုင်သည့် အင်အားဆုံးရှုံး၍ ထိုဆုံးရှုံးမှုမှာ အမြဲတမ်း ဖြစ်ပွားနိုင်ဖွယ်ရာရှိလျှင် ထိုသူအား အမြဲတမ်း မသန်စွမ်းမှု ပင်စင်ပေးရမည်။ ပင်စင်ကို လစဉ်(၁)လ ကြိုတင် ထုတ်ပေးရမည်။ လုပ်အားဆုံးရှုံးမှု တန်ဖိုးဖြတ်ရာခိုင်နှုန်း ၂၀%အောက်ဖြစ်ပါက လစဉ်ပေး ရမည့် ပင်စင်ငွေကို (၅)နှစ်စာတွက်၍ ငွေလုံးငွေရင်း အဖြစ်ထုတ်ပေးသည်။ အမြဲတမ်း မသန်စွမ်းမှုပင်စင် ခံစားနေသူတစ်ဦးသည် လုပ်အားဆုံးရှုံးဆုံးမှု ရာခိုင်နှုန်း(၁၀၀)%ဖြစ်ပြီး အခြားသူတစ်ဦး အမြဲမပြတ် ပြုစုရန် လိုအပ်လျှင် လစဉ်ပင်စင်၏ ၂၅%နှင့် ညီမျှသော ငွေကို ပင်စင်တွင် ထပ်ဖြည့်ပေးရမည်။

ကျန်ရစ်သူပင်စင်

၆။ အလုပ်တွင်ဒဏ်ရာရမှုကြောင့် အာမခံထားသူ သေဆုံးလျှင် ထိုသူ၏ မိသားစု၌ ပါဝင်သူများကို ကျန်ရစ်သူ ပင်စင်ပေးရမည်။ ကျန်ရစ်သူ ပင်စင်ကို အောက်ပါမိသားစု များအား ပေးရမည်-

(က)ထိုသို့ပေးရာတွင် အာမခံထားသူ၏ ဇနီးဖြစ်ပါက သေဆုံးသည် အထိလည်းကောင်း၊ နောက်အိမ်ထောင်ပြုလျှင် ထိုသူအား (၂)နှစ်စာနှင့် ညီမျှသော ငွေလုံးငွေရင်းကို .ထုတ်ပေး၍ ကျန်ရစ်သူ ပင်စင်ကို ရပ်ဆိုင်းလိုက်ပါသည်။ (၂)နှစ် ပြည့်ပြီးသည့်နေ့တွင် ၄င်းမုဆိုးမရရှိမည့် ပင်စင်ကို သား/သမီး များအား တိုးပေးသည်။

(ခ)အိမ်ထောင်မပြုရသေးသည့်တရားဝင်သား/သမီးများ(ဒဏ်ရာမရမီကတရားဝင်မွေးစားထားသည့် မွေးစားသားသမီးများ) ကျောင်းနေလျှင် အသက်(၁၆)နှစ် အထိ၊ ကျောင်းမနေလျှင် အသက်(၁၃)နှစ် အထိ ကျန်ရစ်သူပင်စင် ပေးရပါသည်။

(ဂ).ကျန်ရစ်သူပင်စင်ကို ဇနီးအတွက်နှင့် သားသမီး(၃)ဦးအတွက် ခွင့်ပြုသည်။ သား/သမီး (၃)ဦး ထက်ပိုပါက   á€¡á‚€á€€á€®á€¸á€†á€¯á€¶á€¸ သား/သမီး သတ်မှတ်အသက် ပြည့်လျှင် နောက်ထပ် သား/သမီး တစ်ဦးအား တိုးပေးပါသည်။

(ဃ).မိဘနှစ်ဦးစလုံးသေဆုံးပါကမုဆိုးမပင်စင်ပေးထားခြင်းမရှိလျှင် မိမဲ့ဘမဲ့ကလေးများကို ပင်စင်ပေးရမည်ဖြစ်သည်။ မိမဲ့ဘမဲ့ ကလေးများအတွက် ပေးသော ပင်စင် သည် မသန် စွမ်းမှု အခြေအနေ တန်ဖိုးဖြတ်ရာခိုင်နှုန်း ၁၀၀%အတွက် ရသော မသန်စွမ်းမှု ပင်စင် ထက် မပိုစေရသဖြင့် မိမဲ့ဘမဲ့ ကလေး(၃)ယောက်သာ ခံစားခွင့် ပြုရပါမည်။

(င)ကျန်ရစ်သူဇနီး၊ သား/သမီးမရှိပါက အခြားဆွေမျိုးများကို ခံစားခွင့်ပြုပါသည်။

 

အလုပ်သမားအလုပ်အကိုင်နှင့်လူမူ့ဖူလုံရေးဝန်ကြီးဌာန

ကောင်းမြတ်သူပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး



 

အလုပ်အင်တာဗျူး အရည်အသွေးမြင့်မားလာရန် နည်းလမ်းများ
2014 ခုနှစ်အတွက် အမေရိက ထိပ်တန်းအလုပ်များ။
ယခုလုပ်ငန်းခွင်ဝင်ရောက်နိုင်မည့် အမြန်ခန့်ထားရန်ရှိသော ရာထူးနေရာများ
Pat Sajask in on a hockey card
Memes have Mars heyday
 
အလုပ်သမားအကျိုးခံစားခွင့်များ ။
လုပ်ငန်းခွင်တွင်းမှာ ပျော်စေရန် နည်းလမ်းများ ။
လုပ်ငန်းခွင့်နှင်ပတ်ဝန်းကျင်တွင် ရင့်ကျက်သူဖြစ်ဖို့ ။
အမြန် ခန့်ထားရန် တွက် လို အပ် လျှက် ရှိသော ရာထူးများ ။
♦ လုပ်ငန်းခွင် အမြန်ဝင်ရောက် နိုင်မည့် ကုမ္ပဏီများမှ အမြန်ခန့်ထားလိုသောရာထူးများ ♦
ခေါင်းဆောင်တိုင်းရဲ့ အထူးလိုအပ်ချက် (မှန်ကန်သော စိတ်ထားပျိုးထောင်ခြင်း)။
အလုပ်အင်တာဗျူးသို့ မဝတ်သွားသင့်သည့် အဝတ်အစားများ
ယုံကြည်ထိုက်သော ထိပ်တန်းခေါင်းဆောင်ဖြစ်စေဖို။
ခေါင်းဆောင်မှု၏ အဓိပ္ပာယ် ဖွင့်ဆိုချက်။
အလုပ်လုပ်ကြရာဝယ် ။
နောက်လိုက်ကောင်းများရှိသော ခေါင်းဆောင်ကောင်း။
အလုပ်ရှင်နှင့်အလုပ်သမားများအတွက် လူမှုဖူလုံရေးဥပဒေနှင့် ပတ်သက်သည့် သိကောင်းစရာများ ။
 
 
နိုင်ငံခြားကုမ္ပဏီတွေမှာ လုပ်ချင်သလား
ထိပ်တန်း ဂျပန်ဘဏ်ကြီးများ မြန်မာတွင် ရုံးခွဲဖွင့်ရန် အပြိုင်အဆိုင်ကြိုးစားလာ
ပြည်တွင်း လုပ်သား ၃ သိန်းကျော် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ဟု ဆို
သူများထက် ထူးခြားသာလွန်နေအောင် တွေးခေါ်လုပ်ဆောင်နိုင်ခြင်း။